Friday, March 13, 2009
လက်ဖက်နှင့် ပတ်သက်၍ အများပြည်သူများ သိရှိရန် သတိပေးကြေညာချက်
မတ်လ ၂၀၀၉ ၁၂ ရက် နေ့ ထုတ် ကြေးမုံ နှင့် မြန်မာအလင်း သတင်းစာ စာမျက်နှာ ၈ ပါ ကျန်းမာရေးဝန်ကြီး ဌာနမှ သတိပေးကြေညာချက်တဲ့၊ ဘယ် လက်ဖက်တွေ စားကြရမတုံး။ ကိုယ်တွေ ဘယ်လောက်တောင် ဆိုးဆေးတွေ စားပြီးထားကြပြီလဲ။
၄၃ မျိုးဆိုတော့ ကုန်သလောက်ပါပဲ။ တကယ် ဘေးဖြစ်စေတတ်တဲ့ ဆိုးဆေးတွေ မပါမှ စားသုံးရန်သင့်သော ဆိုပြီး ကြေညာမှာလား။
၂၀၀၉ ခု မတ်လ ၁၂ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာ (ဖတ်ရန် - ဖိုင်အရွယ်အစား ၃.၅၄ အမ်ဘီ)
၂၀၀၉ ခု မတ်လ ၁၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာ (ဖတ်ရန် - ဖိုင်အရွယ်အစား ၃၀ အမ်ဘီ)
သတင်းစာ ၂ စောင် စလုံး၏ စာမျက်နှာ ၈ တွင် ကြေညာချက်ပါသည်။
ညီမူရာ
Share |
5 comments:
-
တော်သေးတယ် တမိသားစုလုံး အိမ်မှာ လက်ဖက် စားကျင့် မရှိလို့။
-
တအား တအားကို စားမိပြီ။
ဘီလိုလုပ်ရပါ့။ ခုမှ အန္တာရယ်ရှိမှန်းသိတယ်။ အရမ်းကို နောက်ကျနေပြီလားမသိဘူး။ ဘော်ဒီထဲမှာ ဘာတွေဖြစ်နေပြီလဲတောင် မသိတော့ပါဘူး။
-
သိတ်ကြိုက်တယ်။ ကံအားလျော်စွာ ယုဇနကြီးဘဲ ဝယ်မိတာကြာပြီ
-
ဘယ်လို လုပ်ရပါ့ ဟိုနေ ကမှ
ချစ်ချစ်က စားစေချင်လို့  လက်ဖက်သားတွေကို
ဆိုင်မှာအောဒါမှာပီးခြောက်နေအောင်လုပ်ပီး ပို့ 
လိုက်တာ--ရွှေပြည်စံ တံဆိပ်ပါနေတယ်ဗျ
ဟင့်--တင်းလိုက်တာ --၁ ကီလိုတောင်
နှမြောလိုက်တာ--လွှင့်ပစ်ရမှာပဲ -- စားရင်လဲ
ကယ်ကြပါအုံး
forward mail တွေဒီနေ့ရပါတယ်။
အလွတ်ဝယ်ပြီးတော့ သုပ်စားတာပေါ့လေ။
တို့ ကအလွတ်ကိုပို သဘောကျတယ်။ရယ်ဒီမိတ်ထုပ်တွေ မကြိုက်ဘူး။