Saturday, March 21, 2009

at 2:48 AM Labels: , Posted by nyimuyar


စာရေးသူ ရော သက်ထားပါ ကော်ဖီကြိုက်ပါတယ်။ ကော်ဖီမစ်လည်း ကြိုက်ကြပါတယ်။ အလွယ်သောက်ကိုး။ ကော်ဖီမစ် တွေကို အားပေးတဲ့အထဲမှာ ပြည်တွင်းဖြစ် ပရီမီယာ ကော်ဖီမစ်ကို အနှစ်သက်ဆုံးပါပဲ။ ကော်ဖီမှုန့် လည်းပဲ ပရီးမီးယားကို ကြိုက်ပါတယ်။ သဘာဝ ကော်ဖီစစ်စစ် အရသာ ပရီမီယာ လို့  ဆိုတယ်လေ။ ပရီမီယာ လို့  ရေးကြပေမယ့် တော်တော်များများကတော့ ပရီးမီးယား လို့  ခေါ်ကြပါတယ်။ ခေါ်ချင်သလို ခေါ်ကြ အရသာကတော့ ပြောင်းမသွားပါဘူး။



မှတ်မိသေးတယ် ပရီမီယား ပေါ်ကာစ ၂၀၀၀ နဲ့ ၂၀၀၁ ၀န်းကျင် လောက်က ထင်ပါတယ် နာမည်ကြီးကော်ဖီဆိုင်တွေမှာ လှည်းကလေးတွေနဲ့ အရောင်းမြှင့်တင်ရေး တွေ လုပ်ကြတာလေ။ ပထမဆုံး သောက်ဖူးတာက ဒဂုံမြောက်က ဘိုဘိုမင်း လက်ဖက်ရည်ဆိုင်မှာပေါ့ မွှေးပြီး ခါးဆိမ့်လေး အဲ့ဒီကနေ စွဲလမ်းသွားတာ ဒီကနေ့ အထိပါပဲ။

သက်ထားကတော့ လက်ဖက်ရည် သရဲပဲ။ ကော်ဖီသောက် လေ့မရှိဘူး။ ဒါပေမယ့် သိကြတဲ့အတိုင်း စာရေးသူ ကြိုက်တဲ့ ကော်ဖီ ဘယ်လောက်တောင် ကောင်းသလဲ ဆိုပြီး စမ်းသောက်ရာက သူကလေးလည်း ပရီမီယာ ပရိတ်သတ် တယောက်ဖြစ်လာတာပါပဲ။

မွှေးပျံ့ တဲ့ ရနံ့။ တမူထူးခြားပြီး ကော်ဖီမစ် တူးအင်ဝမ်း ထုပ်လေးကို ရေနွေးပူပူထဲဖောက်ထည့်။ ခွက်ကို အဖုံးလေးနဲ့ ဖုံးထား နောက် ၃ မိနစ် ၄ မိနစ်လောက်အကြာ ကော်ဖီတွေ ရေနွေးနဲ့ နှပ်သွားပြီး ကော်ဖီမှုန့်တွေ အနည်မထိုင်တထိုင်မှာ သောက်လိုက်ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ပါဘူး။ မိုးလေးများ ခပ်အေးအေးဆို ပိုလို့ တောင် သောက်ကောင်းပါသေးတယ်။

နောက်ပိုင်း သရီးအင်ဝမ်း ထွက်ပေမယ့်။ စာရေးသူကတော့ တူးအင်ဝမ်း ကိုပဲ ပိုခံတွင်းတွေ့ ပါတယ်။

ပရီမီယာ ကော်ဖီကြိုက်သူများအတွက် အာသာပြေ ဓါတ်ပုံများ တင်ပေးလိုက်ပါတယ်။ ဓါတ်ပုံကြည့်ရင်း မွှေးပျံ့ သင်းလှတဲ့ ပရီမီယာ ကော်ဖီရဲ့ အရ့သာကို မှန်းဆ တမ်းတ နိုင်ကြပါစေလို့  ။




ညီမူရာ

ခုနောက်ပိုင်း စီးတီးဟောက ဆိုင်တွေမှာ ၀ယ်လို့ ရလို့  တော်သေးတယ်။ မဟုတ်ရင် လူကြုံစောင့်ရလွန်းလို့ ။
...

Share

6 comments:

  1. ပရီးမီးယား လို့  ပဲခေါ်မိတယ် ။ စပေါ်ထဲကသောက်တာ အခုထိပဲ တရက်မှပျက်လို့မရဘူး
    " မွှေးပျံ့ တဲ့ ရနံ့။ တမူထူးခြားပြီး ကော်ဖီမစ် တူးအင်ဝမ်း ထုပ်လေးကို ရေနွေးပူပူထဲဖောက်ထည့်။ ခွက်ကို အဖုံးလေးနဲ့ ဖုံးထား နောက် ၃ မိနစ် ၄ မိနစ်လောက်အကြာ ကော်ဖီတွေ ရေနွေးနဲ့ နှပ်သွားပြီး ကော်ဖီမှုန့်တွေ အနည်မထိုင်မထိုင်မှာ သောက်လိုက်ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ပါဘူး။ မိုးလေးများ ခပ်အေးအေးဆို ပိုလို့ တောင် သောက်ကောင်းပါသေးတယ်။
    နောက်ပိုင်း သရီးအင်ဝမ်း ထွက်ပေမယ့်။ စာရေးသူကတော့ တူးအင်ဝမ်း ကိုပဲ ပိုခံတွင်းတွေ့ ပါတယ်။" အဟုတ်ပဲ စီးတီးဟောက ဆိုင်တွေမှာ ၀ယ်လို့ ရလို့  တော်သေးတယ်။ :D

  1. :D 3 in 1 ပဲ သောက်ဖူးတာ။

  1. MayMoe: yes, Premier is our favourite also.

    PhyoMaw: pls try to drink 2 in 1, I guarantee you, taste so nice.

  1. ကျွန်တော်လည်း ကြိုက်ပါသည်။ 2 Plus 1 နဲ့ 3 in 1 ဘာကွာလဲမသိ။ အိမ်ကပို့တာ 2 Plus 1 ဆိုတော့ အဲဒါပဲသောက်ဖူးတယ်

  1. 3 in 1 ပဲ ကြိုက်တယ်။ ပိုလွယ်လို့ :) အရသာက 2 plus one နဲ့ အရသာက နဲနဲတော့ကွာတယ်။ ခုတော့ ဝေးနေပြီ Premier ရယ်။

  1. i like it too